ကမ္ဘာပေါ်က အကြမ်းတမ်းဆုံးနဲ့ အန္တရာယ်အရှိဆုံး လျှာပိုင်ရှင်တွေဖြစ်တဲ့ ကျားများ
စာဖတ်သူတို့အနေနဲ့ ကြောင်တစ်ကောင်ရဲ့ လျှာနဲ့ ထိတွေ့ဖူးတဲ့ အတွေ့အကြုံမျိုး ရှိခဲ့ဖူးမှာပါ။ ခွေးလျှာနဲ့လည်း ထိတွေ့ဖူးကြပါလိမ့်မယ်။
ဒီနေရာမှာ ကွာခြားချက်က ခွေးတွေရဲ့လျှာက အလွန်နူးညံ့နေပြီး လူတို့ရဲ့ အရေပြားကို မခြစ်မိစေလောက်တဲ့ ချောမွေ့နေသော လျှာတွေရှိကြပါတယ်။
အခြားတစ်ဖက်မှာမူ ကြောင်တွေမှာတော့ ကော်ဖတ်လို အထိအတွေ့နဲ့ လျှာမျိုးတွေရှိကြပါတယ်။ ဒါပေမယ့် ဒီလိုထူးခြားတဲ့ လျှာမျိုးရှိတာဟာ အိမ်မွေးကြောင်တွေတင် မဟုတ်ပါဘူး။
ပြောရရင် ကြောင်မျိုးနွယ်တွေဖြစ်တဲ့ ခြင်္သေ့၊ ကျားသစ်၊ ကျား အပါအဝင် ကြောင်ကြီးများအားလုံးမှာ အလွန်ကြမ်းတမ်းလွန်းတဲ့ ကော်ဖတ်လျှာမျိုးတွေ ရှိကြပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ ကျားလျှာ ကြမ်းတမ်းနေရတဲ့အကြောင်း၊ ထူးခြားစေရတဲ့ အရာတို့ကို ရှာဖွေသွားမှာဖြစ်ပြီး ဒီလို ကြမ်းတမ်းတဲ့ လျှာတွေကို ကျားတွေက ဘာအကြောင်းကြောင့် လိုအပ်နေတာလဲဆိုတာကိုလည်း တင်ဆက်ပေးသွားချင်ပါတယ်။
ကြောင်မျိုးနွယ်ဝင်အားလုံး ကျားအပါအဝင် အသားစားမျိုးစိတ်တွေ ဖြစ်ပါတယ်။ အသားစားဖြစ်နေတာက ကျားလျှာကို ထူးခြားစေတယ်လို့ ထင်ပါသလား။
လူသားတို့စားတဲ့ အစားအစာတွေဟာ သူတို့ လျှာအသွင်အပြင်နဲ့ ခံစားရနိုင်တဲ့ အံ့သြဖွယ်ပမာဏတစ်ခု ရှိပါတယ်။
ကျားတွေကတော့ အသားစားရတာကလွဲလို့ အခြားဘာမှမရှိတာကြောင့် သူတို့လျှာတွေက တိရိစ္ဆာန်များကို ကိုက်စားနိုင်စေဖို့ အထူးသင့်လျော်နေရတာပါ။
ကျားတွေက တစ်ထိုင်တည်းမှာကို အသား ပေါင် ၇၀ အထိ စားနိုင်ပါတယ်။ သူတို့ရဲ့ သွားနဲ့ လျှာတွေက အဲဒီပရိုတင်းဓာတ်တွေအားလုံးကို ဘယ်လိုနည်းနဲ့ ကူညီပေးလဲဆိုတာ လေ့လာကြည့်ရအောင်။
ကျားလျှာကို ထူးခြားစေတဲ့အရာအကြောင်း စတင်လေ့လာဖို့အတွက် ကျားရဲ့ပါးစပ်ကို ခွဲခြမ်းကြည့်ရပါမယ်။ ကျားတစ်ကောင်ရဲ့လျှာဟာ ၇.၈ လက်မ ရှည်လျားနိုင်ပြီး သွား အရေအတွက်ကလည်း ၃၀ လောက် ရှိပါတယ်။
သူတို့ရဲ့ သွားတွေဟာ သားကောင်ကို ဖမ်းယူသဝာ်ဖြတ်နိုင်အောင် ကူညီပေးတဲ့အပြင် မျိုချရန်အတွက်လည်း အသားအတုံးများကို ကိုက်ဖြတ်စေရာမှာ အထောက်အကူပြုပါတယ်။
ကျားတစ်ကောင်အတွက် အစာစားခြင်းလုပ်ငန်းစဉ်မျိုးဟာ တိုက်ပွဲတစ်ခုလိုပါပဲ။ တခြားမျိုးစိတ်တွေ ရောက်မလာခင် တတ်နိုင်သမျှ မြန်မြန်စားချင်ကြတယ်။
ဆိုလိုတာကတော့ လျှာအပါအဝင် ကျားပါးစပ်ရဲ့ အစိတ်အပိုင်းများစွာက သူတို့ကို လျင်မြန်စွာစားနိုင်ဖို့အတွက် ဆင့်ကဲပြောင်းလဲလာတာဖြစ်ပါတယ်။
ကျားလျှာကို ထူးခြားစေတဲ့ အရာတစ်ခုမှာ papilla လို့ခေါ်တဲ့ ဖွဲ့စည်းပုံပါပဲ။ Papillae ဟာ လုံးဝန်းသော သို့မဟုတ် ချွန်ထွက်နေသော လျှာထိပ်ရှိ သေးငယ်တဲ့ အပေါက်လေးတွေ ဖြစ်ပါတယ်။
ဒါကြောင့် တချို့က ကျားရဲ့လျှာကို papillae က အမွေးကြမ်းတွေနဲ့ လျှာလို့ ထင်မြင်ပြတာပါ။ အမှန်တော့ ဒီအမွေးထူတဲ့ အသွင်အပြင်မျိုးဟာ ကျားလျှာရဲ့ အထိအတွေ့ကို သဲကြမ်းတွေလို ခံစားရစေနိုင်ပါတယ်။
ဒီလိုဖွဲ့စည်းပုံမျိုးနဲ့ လျှာကို ကျားတွေက ဘာအကြောင်းကြောင့် လိုအပ်ကြသလဲလို့ မေးလာရင်တော့ အဖြေမှာ အသေကောင်တွေရဲ့ အသားများနဲ့ အမွေးများကို ခြစ်ထုတ်ခြင်းကြောင့်လို့ ဆိုနိုင်ပါတယ်။
ကျားတစ်ကောင်ဟာ သူအမဲလိုက်ထားတဲ့ သားကောင် အသေကောင်ကို လျှာအသုံးပြုရင်းတောင် အမွေးနှင့် အသားတွေကို တိုက်ရိုက်ဖယ်ရှားနိုင်စွမ်းရှိပါတယ်။
ဒီအချက်က ကျားတွေကို အစာချေဖျက်ရာမှာ အထောက်အကူဖြစ်စေနိုင်ပြီး သူတို့လိုအပ်တဲ့ အာဟာရဖြစ်စေတဲ့ ကယ်လိုရီအားလုံးကို ရရှိနိုင်ဖို့ ကူညီပေးပါတယ်။
ကျားတွေမှာ အခုလို ထူးခြားတဲ့ လျှာရှိနေရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုမှာတော့ ရိုးရှင်းပါတယ်။ ဒီအကြောင်းရင်းကတော့ မိမိကိုယ်မိမိ ပြုစုပျိုးထောင်ပေးခြင်းအတွက်ပါ။
ကျားတွေမှာ လူသားတွေလို ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးဖို့ ဆပ်ပြာတို့ ကွပ်ပျစ်ကျောက်တို့ မရှိတဲ့အတွက် သူတို့လျှာတွေနဲ့ပဲ မိမိတို့ကိုယ်ကို သန့်ရှင်းစေဖို့ လုပ်ဆောင်ကြပါတယ်။
နောက်ဆုံးအနေနဲ့ ကျားက လူသားတွေကို လျှာနဲ့လျက်မယ်ဆိုရင် နာကျင်နိုင်မလားဆိုတဲ့ မေးခွန်းအတွက် ဖြေကြားပေးချင်ပါတယ်။
ကျားတစ်ကောင်က သင့်ကို လျှာနဲ့လျက်ရင် ဘယ်လိုခံစားရမလဲဆိုတာကတော့ အရိုးရှင်းဆုံးအနေနဲ့ နာကျင်ပါလိမ့်မယ်။
ကျားတွေရဲ့ လျှာများဟာ သတ္တလောကမှာ အန္တရာယ်အရှိဆုံးနဲ့ အကြမ်းတမ်းဆုံးတွေဆိုတာကို သိထားရပါမယ်။ လျှာနဲ့တင် အရိုးပေါ်မှ အသားစတွေကို ချက်ခြင်း ခွာထုတ်ပစ်နိုင်ပါတယ်။
ဒါကြောင့် တစ်ချက် လျက်လိုက်ရုံနဲ့တင် ခြစ်ရာများ ခံစားရနိုင်သလို ဒီထက်ပိုပြီး ပြောရရင် သင့်အရေပြားတွေ လန်ထွက်သွားတာ၊ ပွန်းပဲ့ကွဲပြဲသွားတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ဆိုချင်ပါတယ်။
Knight News Team
Knight News © 2022
Crd