ကမ္ဘာတဝှမ်းမှာရှိတဲ့ ပိရမစ်တွေဟာ စွမ်းအင်တွေ စတင်ထုတ်လွှတ်နေကြပြီ

ကမ္ဘာတဝှမ်းမှာရှိတဲ့ ပိရမစ်တွေဟာ စွမ်းအင်တွေ စတင်ထုတ်လွှတ်နေကြပြီ

ကမ္ဘာတဝှမ်းမှာရှိတဲ့ ပိရမစ်တွေဟာ အာကာသထဲက လျှို့ဝှက်ဆန်းကြယ်သော တိမ်တိုက်တစ်ခုစီကို စွမ်းအင်တွေ စတင်ထုတ်လွှတ်နေကြပါတယ်။

အရင်က သင်မကြားဘူးသေးတဲ့ သီအိုရီတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဧရာမ တိုက်တိုက်ကြီးတစ်ခုဟာ ကမ္ဘာမြေနဲ့ နီးကပ်စွာ တည်ရှိနေတယ်ဆိုတာပါပဲ။ ကျွမ်းကျင်သူ အများအပြားဟာ ဒါကို နတ္ခတ္တကြည့် မှန်ပြောင်းက တွေ့ရှိခဲ့ကြဖူးပေမဲ့ တိကျတဲ့အဖြေတော့ မထုတ်နိုင်ခဲ့ကြပါဘူး။

ထူးခြားတာကတော့ နာဆာ(NASA)က ဒီကိစ္စကို Nearby Interstellar Cloud လို့ အမည်ပေးထားပြီး တွေ့ရှိထားကြောင်း ဝန်ခံထားပါတယ်။

ဒါဟာ ပြင်ပပညာရှင်များ ပြောဆိုတွေ့ရှိချက် မှန်ကန်ကြောင်း သက်သေပြလိုက်သလိုပါပဲ။ ဒီစွမ်းအင်တွေ ပိရမစ်တွေကထုတ်လွှတ်လာတာနဲ့ပါတ်သက်ပြီး စတင် သတိထားမိကြတာကတော့ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ဒါကို အရင်က သတိမထားမိခဲ့ကြတာကတော့ ကမ္ဘာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အနေအထား ရှိနေခဲ့လို့ပဲဖြစ်တယ်လို့ ဆိုကြပါတယ်။ ဆိုလိုတာက ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာမျိုးတွေ အဖြစ်နည်းခဲ့တဲ့ အချိန်မို့ပါ။

အခုမှ သတိထားမိတာကတော့ ကမ္ဘာတဝှမ်း ငလျင်လှုပ်တာတွေ၊ မီးတောင်တချို့ လှုပ်ရှားလာတာတွေ၊ အပြင် နေရောင်ခြည်မုန်တိုင်း (Solar Strom) တွေ ခပ်စိပ်စိပ်ဖြစ်လာတဲ့အပြင် ပိရမစ်တွေတဝိုက်မှာလည်း မီးအလင်းရောင်လို စူးရှတဲ့ အလင်းတန်းတွေ ဖြာထွက်နေတတ်တာကို သတိပြုမိလာကြတာမို့ ဖြစ်ပါတယ်။

ဒီစွမ်းအင်ဖြာထွက်မှုတွေဟာ တိမ်တိုက်တစ်ခုဆီကို ဦးတည်နေတယ်ဆိုပေမဲ့ တိုက်တိုက်ရဲ့ ပုံသဏ္ဍာန်ကိုတော့ လူတွေမမြင်ရနိုင်ပါဘူး။ အကြောင်းကတော့ သာမန်တိမ်တွေလို မဟုတ်ဘဲ လျှပ်စစ်သံလိုက်အမှုန်တွေနဲ့ ဖွဲ့စည်းထားလို့ ဖြစ်ပါတယ်။

နောက်တစ်ချက်က သူဟာ ကမ္ဘာနဲ့ အလင်းနှစ် ၃၀ လောက်ဝေးတဲ့ဆီက လာနေတာဖြစ်ပြီး အပူချိန်ကလည်း ၆,၀၀၀ ဒီဂရီ ဆဲလ်စီးယပ်လောက်ရှိနိုင်တယ်လို့ နာဆာက မှန်းထားပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီကိစ္စဟာ လူသားတွေအပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်စရာ မရှိသေးဘူးလို့ ရှင်းပြထားပါတယ်။ ဒါပေမဲ့ ပိရမစ်တွေဟာ ကမ္ဘာတလွှား (အီဂျစ်၊ မက္ကဆီကို၊ အင်ဒိုနီးရှား) ရှိနေတာမို့ ဘာတွေဖြစ်လာမယ်ဆိုတာ သိပ်မသေချာသေးပါဘူး။

ပုံတွေကတော့ ဒီကိစ္စကို သတိထားမိပြီးနောက်ပိုင်း စောင့်ကြည့်ရေး ကင်မရာတွေ တပ်ဆင်ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ ရုပ်သံမှာတော့ ပိုမိုရှင်းလင်းစွာ မြင်ရပါတယ်။

တိုတောင်းတဲ့အချိန် (စက္ကန့်ပိုင်း) အတွင်းမှာ ပိရမစ်ထိပ်ဖူးကနေ စူးရှတဲ့အလင်းတန်းတစ်ခု ဖြာထွက်ပြီး ကောင်းကင်ယံကိုတက်သွားတာ မြင်ရပါတယ်။

Knight News Team

Knight News © 2023

Crd