ကမ္ဘာတလွှားက ထင်ရှားကျော်ကြား ရဲတိုက်ကြီးများ

Knowledge

ရေးသားသူ – ကောင်းစည်သူ (သုတစွယ်စုံမဂ္ဂဇင်း)

ယနေ့ကမ္ဘာပေါ်တွင် ကျန်ရှိနေသည့် ရဲတိုက်ကြီးများအနက် အကြီးဆုံးရဲတိုက်ကို ရှာဖွေရန်အလွယ်တကူ ဆောင်ရွက် နိုင်ခဲ့ခြင်းမရှိချေ။ယေဘုယျအားဖြင့် ဧကရာဇ်တစ်ဦးနေထိုင်ရန်ဆောက်လုပ်သည့် အဆောက်အဦတစ်ခုကို ရဲတိုက်ဟုဆိုကြ သော်လည်း ယင်းအဆောက်အအုံများသည် ရဲတိုက်ဟုတ်မဟုတ် တိကျရှင်းလင်းစွာသိရှိရန် ခက်ခဲသည်။ လူအများသည် ရုရှား နိုင်ငံရှိ ကရင်မလင်ကို ရဲတိုက်မဟုတ်ကြောင်းလက်ခံကြသော်လည်း အိန္ဒိယနှင့် ဂျပန်ရှိ ခံတပ်များကို မည်သို့ယူဆကြကြောင်း ကွဲပြားစွာ မသိရှိကြပါချေ။

ရဲတိုက်တစ်ခုကို အဆောက်အအုံ၏ အရွယ်အစား တစ်ခုတည်းဖြင့် ဆုံးဖြတ်၍ မရနိုင်သော်လည်း ဂင်းနစ် မှတ်တမ်း များက ပရာ့ရဲတိုက်(Prague Castle)ကို အကြီးဆုံးဟုဆိုခဲ့သည်။ အွန်လိုင်းစွယ်စုံကျမ်း ဝီကီက ဝင်ဆာပြတိုက် (Windsor Castle) ကို ကမ္ဘာ့အကြီးဆုံးဟု ဆိုသည်။ ယခုဖော်ပြသည့် အကြီးဆုံး ရဲတိုက်များသည် Google Map ကို အသုံးပြု၍ ရဲတိုက်များ၏အရွယ်အစားများကို တိုင်း ထွာကာ Google Earth ဖြင့်တိုင်းထွာသည့် နည်းစနစ် (KML )ကို အသုံးပြုကာ ပြုစုထားသည့် ကမ္ဘာ့အကြီးဆုံး ရဲတိုက်များစာရင်းဖြစ်သည်။

၁၀။ အီဒင်ဘာ့ခ် ရဲတိုက် (Edinburgh)

အီဒင်ဘာ့ခ် ရဲတိုက်ကို စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ခ်မြို့ရှိ မီးတောင်သေတစ်ခု၏ ကျောက်ဆောင်မျက်နှာပြင်ပေါ် တွင် တည်ဆောက်ထားသည်။ အကျယ်အဝန်း ၃၅၇၃၇ စတုရန်းမီတာရှိသည့် ရဲတိုက်ကြီးသည် အီဒင်ဘာ့ခ်မြို့၏ မိုးကုပ်စက် ဝိုင်းကိုအနားသပ်ထားသကဲ့သို့ ဖြစ်နေသည်။ ရဲတိုက်၏အဆောက်အအုံအချို့သည် ၁၆ ရာစုက တည်ဆောက်ခဲ့သည့် လက်ရာ များဖြစ်ကာ ရဲတိုက်အတွင်းရှိ စိန့်မာဂရက်ဝတ်ပြုဆောင်သည် ၁၂ ရာစု အစောပိုင်းကတည်ဆောက်ခဲ့သည့် အစောဆုံး အဆောက်အအုံဖြစ်သည်။

အီဒင်ဘာ့ခ် ရဲတိုက်သည် စကော့တလန်နိုင်ငံ၏ အမှတ်လက္ခဏာတစ်ရပ်အဖြစ် တည်ရှိနေကာ ကမ္ဘာလှည့် ခရီးသည် များ အများအပြားလာရောက်လည်ပတ်ကြည့်ရှုကြသည့် နေရာတစ်ခုဖြစ်သည်။

၉။ အယ်လ်လက်ပို ခံတပ်ရဲတိုက်(Citadel of Aleppo)

ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံးနှင့် အကြီးဆုံး ခံတပ်ရဲတိုက်တစ်ခုဟု သတ်မှတ်ထားသည့် အယ်လ်လက်ပို ခံတပ်ရဲတိုက်သည် ဆီရီးယားနိုင်ငံမြောက်ပိုင်းရှိ ရှေးဟောင်းမြို့တော် အယ်လ်လက်ပိုရှိ မီတာ ၅၀ မြင့်သည့်တောင်ကုန်းထိပ် ၏အလယ်တွင်တည်ရှိနေသည်။ အယ်လ်လက်ပိုတောင်ကုန်းကို ခရစ်တော်မပေါ်မီ သုံးရာစု အလယ်ပိုင်းကာလတွင် အသုံးပြုခဲ့ သည်။ယင်းနေရာတွင် ဂရိ၊ဘိုင်ဇင်တိုင်း၊အိုင်ယူဘစ်အစရှိသည့် ယဉ်ကျေးမှုများထွန်ကားခဲ့ပြီး ရဲတိုက်ကြီးကို အိုင်ယူဘစ် ယဉ်ကျေးမှု ထွန်းကားခဲ့ချိန်တွင် သဲကျောက်များဖြင့် တည်ဆောက်ခဲ့သည်ဟု ယူဆရပေသည်။

အယ်လ်လက်ပိုရဲတိုက်ကို ၁၉၈၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂယူနက်စ်ကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ် မှတ်ခဲ့ပြီး၂၀၀၀ ပြည့်နှစ်မှစ၍ အကြီးစားထိန်းသိမ်းစောင့်ရှောက်မှုများဆောင်ရွက်ခဲ့သည်။သို့သော် ဆီရီးယား ပြည်တွင်း စစ်ပွဲ ကာလများအတွင်း ရဲတိုက်ကြီးသည် များစွာထိခိုက်ပျက်စီးခဲ့ရပေသည်။

၈။ ဟီမေဂျီ ရဲတိုက် (Himeji Castle)

၁၄ ရာစုလက်ရာဖြစ်သည့် ဟီမေဂျီ ရဲတိုက်ကို ဂျပန်နိုင်ငံ၏ အလှပဆုံး ရဲတိုက်ဟု သတ်မှတ်ကြသည်။ ဟီမေဂျီသည် ဂျပန်နိုင်ငံ၏ ပြည်တွင်းစစ်ပွဲများ၊မြေငလျင်ဒဏ်များနှင့်ဗုံးဒဏ်များမှ ကင်းလွတ်ခဲ့ကာ ယခုတိုင်မူလ လက်ရာအတိုင်းနီပါးကျန် ရှိနေ ပေသည်။ ဟီမေဂျီသည် ဂျပန်နိုင်ငံ၊ ဟိုဂိုပြည်နယ်၊ဟီမေဂျီမြို့ရှိ တောင်ကုန်းထိပ်တွင်တည်ရှိပြီး ၄၁၄၆၄ စတုရန်းမီတာကျယ်ဝန်း လျက် အဆောက်အအုံ ၈၃ ခုရှိသည့် ရဲတိုက်အစုအဝေးဖြစ်သည်။

၁၃၀၀ ပြည့်နှစ် နှင့် ၁၃၃၃ ခုနှစ်အကြားတွင် အာကာမတ်စု နိုရီမူရာက တည်ဆောက်ခဲ့သည့် ဟီမေဂျီရဲတိုက်ကို ၁၅၈၁ ခုနှစ် ၊၁၆၀၉ ခုနှစ်နှင့်၁၆၁၈ ခုနှစ်များတွင် အဆောက်အအုံ များတိုး ချဲ့ခဲ့သည်။ ရဲတိုက်ကိုသစ် ၊ကျောက်၊ ပလာစတာနှင့် ကြွေပြားများဖြင့်တည်ဆောက်ခဲ့ပြီး ၁၃၃၃ ခုနှစ်မှ ၁၈၆၈ ခုနှစ် အထိ အသုံး ပြုခဲ့သည်။ ဟီမေဂျီရဲတိုက်သည်၁၉၇၃ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ၊ ယူနက်စ်ကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။

၇။ ဘုဒ ရဲတိုက်(Buda Castle)

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့တောင်ပိုင်းအစွန်းတောင်ထိပ်တွင် တည်ထားသည့် ဘုဒရဲတိုက်သည် ၄၄၆၇၄ စတုရန်းမီတာ ကျယ်ဝန်းကာ ၁၃ ရာစုတွင် ဟန်ဂေရီ ပိုင်နယ်မြေတွင် ပထမဆုံးတည်ဆောက်ခဲ့သည့်ခံတပ်အဆောက်အအုံဖြစ်သည်။ ရဲတိုက် ကို ဟန်ဂေရီဘုရင် စတုတ္ထမြောက်ဘီလာက တည်ဆောက်ခဲ့ကာ ၁၂၆၅ခုနှစ်တွင် ပြီးစီးခဲ့သည်။ ဘူဒါပက်ဘုရင်များက ဘုဒကို နန်းတော်အဖြစ် သာမက ရဲတိုက်အဖြစ်ပါ အသုံးပြုခဲ့သဖြင့် ဘုဒတော်ဝင်နန်းတော်ဟုလည်းကောင်း၊ ဘုဒတော်ဝင်ရဲတိုက်ဟု လည်းကောင်း ရည်ညွှန်းခဲ့ကြသည်။

ယခုအချိန်တွင်ဘုဒရဲတိုက်သည် ဗိသုကာဟန်မျိုးစုံပေါင်းစုနေသည့် ရှေးဟောင်းအဆောက် အအုံတစ်ခုအဖြစ် တည်ရှိနေကာ ဂေါသစ်လက်ရာမှဘာရိုလက်ရာများအထိ ခေတ်အဆက်ဆက်တည်ဆောက်ခဲ့သည့် အနုပညာ လက်ရာများကို လေ့လာနိုင်ကြပေသည်။

၆။ စပိစ်ရဲတိုက်(Spis Castle)

အကျယ်အဝန်း ၄၉၄၈၅ စတုရန်းမီတာရှိသည့် စပိစ် ရဲတိုက်သည် စလိုဗေးကီးယားနိုင်ငံအရှေ့ပိုင်း၊ စပိစ်ဒေသတွင် တည်ရှိပြီး အလယ်ခေတ်အတွင်းက ဥရောပတိုက်အလယ်ပိုင်းတွင် တည်ဆောက်ခဲ့သည့် အကြီးဆုံးရဲတိုက်များအနက် တစ်ခု ဖြစ်သည်။ စပိစ်ရဲတိုက်၏ ပင်မအဆောက်အအုံကို ၁၃ ရာစုဝက် အစောပိုင်းတွင် ကျောက်တုံးနံရံများဖြင့် တည်ဆောက်ထားပြီး ရဲတိုက်၏ အောက်ပိုင်းအဝန်းအဝိုင်းကို ၁၅ ရာစု အလယ်တွင်တည်ဆောက်ခဲ့သည်။

စပိစ်သည် ရဲတိုက်ဝင်း၏ ထိပ်ပိုင်းတွင် လှပစွာ တည်ရှိနေပြီး ရုပ်ရှင်ဇာတ်လမ်းတွင် မကြာခဏ မြင်တွေ့ကြရသည်။ ပင်လယ်ရေပြင်အထက် ၂၀၈၀ ပေမြင့်သည့် စပိစ်သည် ၁၇၆၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ အသုံးပြုခြင်းမရှိတော့ဘဲ ၁၉၉၃ ခုနှစ် တွင် ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်လာခဲ့သည်။၂၀၁၆ ခုနှစ်တွင် စပိစ်သို့ လူပေါင်း ၂၀၈၀၀၀ လာရောက်လည်ပတ်ခဲ့ကြသည်။

၅။ ဟိုဟန်စေးလ်ဘာ့ခ်ရဲတိုက် (Hohensalzburg Castle)

သြစတြီးယားနိုင်ငံ၊ စေးလ်ဘာ့ခ် မြို့တွင်တည်ရှိသည့် ဟိုဟန်စေးလ်ဘာ့ခ်ရဲတိုက်သည် ဧရိယာ ၅၄၅၂၃ စတုရန်းမီတာ ကျယ်ဝန်းပြီး ဥရောပတိုက်ရှိ အကြီးဆုံးရဲတိုက်များစာရင်းတွင်ပါဝင်ပြီး အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် ရဲတိုက်တစ်လုံး လည်း ဖြစ်သည်။ ဟိုဟန်စေးလ်ဘာ့ခ် ကို ၁၀၇၇ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ၁၄၉၅ ခုနှစ်နှင့် ၁၅၁၉ ခုနှစ်များတွင် အကြီး အကျယ်တိုးချဲ့ခဲ့ကာ လက်ရှိ အနေအထားထက် ပိုမိုကြီးသော အရွယ်သို့ ရောက်ရှိသည်။

ဟိုဟန်စေးလ်ဘာ့ခ် ရဲတိုက်သည် ပေ ၈၂၀ ရှည်၍ ပေ ၄၉၀ ကျယ်ကာ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၇၀၀ အမြင့်တွင်တည်ရှိသည်။ ၁၉ ရာစုနှောင်းပိုင်းတွင် ဟိုဟန်စေးလ်ဘာ့ခ်ရဲတိုက်ကိုပြုပြင်မွမ်းမံမှုများဆောင်ရွက်ခဲ့ပြီး ၁၈၉၂ ခုနှစ် တွင် ဖွင့်လှစ်ခဲ့ရာ ကမ္ဘာလှည့် ခရီးသည်များ လာရောက်လည်ပတ်ကြသည့် ထင်ရှားသော နေရာတစ်ခုဖြစ်လာခဲ့သည်။

၄။ ဝင်ဆာရဲတိုက်(Windsor Castle)

ကမ္ဘာကျော်ဝင်ဆာရဲတိုက်သည် ဗြိတိန်တော်ဝင် မိသားစုစံနန်းတော်တစ်ခုဖြစ်ပြီး ၁၁ ရာစုတွင် တည်ဆောက်ခဲ့သည်။ သည်။ရဲတိုက်၏ အကျယ်အဝန်းသည် ၅၄၈၃၅ စတုရန်းမီတာရှိပြီး ကမ္ဘာပေါ်တွင် ယနေ့တိုင် လူများနေထိုင် အသုံးပြုလျက်ရှိ သည့် အကြီးမားဆုံးသော ရဲတိုက်ဖြစ်သည်။ဝင်ဆာသည် အင်္ဂလန်နိုင်ငံ၏ အကြီးဆုံးရဲတိုက်လည်းဖြစ်ပြီး ဗြိတိသျှ ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် စံမြန်းလေ့ရှိသည့် တရားဝင် နန်းတော်လည်းဖြစ်သည်။

ဘုရင်မကြီးသည်ဝင်ဆာရဲတိုက်တွင်ရက်သတ္တပတ်ရုံးပိတ်ရက်များတွင်စံမြန်းလေ့ရှိသည်။ဝင်ဆာရဲတိုက်တွင်နိုင်ငံတော် အဆင့်နှင့် ပုဂ္ဂလိကဖျော်ဖြေပွဲများကို ကျင်းပပြုလုပ်သည်။ဝင်ဆာသည် အင်္ဂလန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းဆွဲဆောင်မှု အများ ဆုံး နေရာတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတကာမှ နိုင်ငံအကြီးအကဲများ လာရောက်လည်ပတ်ချိန်တွင် ဧည့်ခံပွဲများပြုလုပ် လေ့ရှိ သည့် နေရာတစ်ခုလည်းဖြစ်သည်။

၃။ ပရာ့ရဲတိုက်(Prague Castle)

ဂင်းနစ် ကမ္ဘာ့ စံချိန်မှတ်တမ်းအရ ကမ္ဘာပေါ်တွင် အကြီးဆုံးရဲတိုက်ဖြစ်သည့် ပရာ့သည် ချက်သမ္မတနိုင်ငံ၏ မြို့တော် ပရာ့တွင် တည်ရှိသည်။ ၉ ရာစု လက်ရာအဆောက် အအုံဖြစ်သည့် ရဲတိုက်ကြီးသည် ၁၈၇၀ပေ ရှည်လျား၍ ပေ ၄၃၀ ကျယ်ဝန်း သည်။ ရဲတိုက်ကို ၈၇၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့ကာ နှစ်ပေါင်း ၁၀၀၀ ကျော် အတွင်း ၁၈ ရာစု နောက်ပိုင်းအထိ အကြိမ် ကြိမ် တိုးချဲ့ ခဲ့ကြသည်။

ပရာ့ရဲတိုက်သည် ချက်သမ္မတနိုင်ငံ၏ သမ္မတ နေထိုင်သည့် စံတော်အိမ်လည်းဖြစ်ကာ ချက်နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင်ဆွဲဆောင်မှုအများဆုံးနေရာတစ်ခုတွင်အပါအဝင်ဖြစ်ကာနှစ်စဉ် လူပေါင်း ၁၈ သိန်း လာရောက် လည်ပတ် လျက်ရှိသည်။

၂။ မယ်ဟ်ရန်ဂါး ခံတပ် (Mehrangarh Fort)

အိန္ဒိယနိုင်ငံရှိ မယ်ဟ်ရန်ဂါးကို ခံတပ်ဟု တရားဝင်ခေါ်ပြောကြသော်လည်း အိန္ဒိယ ရဲတိုက်တစ်ခုဟု ဆိုနိုင်သည်။ မယ်ဟ်ရန်ဂါးကို ရာဂျက်စတန်ပြည်နယ်၊ဂျိုးဒါးမြို့တွင် ပေ ၄၀၀ မြင့်သည့် တောင်ကုန်းတစ်ခုပေါ်တွင်တည်ဆောက်ထားသည်။ ရဲတိုက်ကို ၁၁၈ ပေမြင့်၍ ၆၈ ပေ ကျယ်သည့် နံရံများဖြင့် ဖွဲ့စည်းထားကာ ရဲတိုက်အတွင်းသို့ ဝင်ပေါက် ခုနစ်ပေါက်မှ ဖြတ် သန်း ဝင်ရောက်ကြရသည်။

ဂျိုးပါးမြို့ကို ထူထောင်သူ ရာသိုး လူမျိုးစု ခေါင်းဆောင် ရောင်းဂျိုးဒါက မြိ့တော်ဟောင်းမန်ဒိုးမှ ဂျိုးပါးသို့ ပြောင်းရွှေ့ ခဲ့ပြီး မယ်ဟ်ရန်ဂါး ခံတပ်ကို ၁၄၅၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်ဟု ဆိုသော်လည်း ၁၇ ရာစု လက်ရာများကို အများဆုံးတွေ့ ရှိရသည်။မယ်ဟ်ရန်ဂါးသည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး ခံတပ် တစ်ခုဖြစ်ကာ ခံတပ်ဝင်းအတွင်း၌ နန်းတော်များ ဆောက်လုပ် ထားသည်။

၁။ မဲလ်ဘော့ရဲတိုက် (Malbork Castle)

ပိုလန်နိုင်ငံ၊ မဲလ်ဘော့မြို့တွင် တည်ရှိနေသည့် မဲလ်ဘော့ရဲတိုက်ကို ကမ္ဘာ့ အကြီးဆုံးရဲတိုက်ဟု ဆိုကြသည်။ ၁၂၇၄ ခုနှစ်တွင် တီယူတိုနစ် စစ်သည်တော်များက ပိုလန်ရန်သူများကို တိုက်ခိုက်ရန်နှင့် ယင်းနေရာမှ ဘောလ်တစ်ပင်လယ် မြောက် ပိုင်း ကို အုပ်ချုပ်ရန် ဆောက်လုပ်ခဲ့သည်။ တီယူတိုနစ် တို့၏ဌာနချုပ်အဖြစ်အသုံးပြုခဲ့သည့် မဲလ်ဘော့ရဲတိုက်သည် ၁၄၃၅၉၁ စတုရန်း မီတာ ကျယ်ဝန်းကာ ရဲတိုက်ကြီးကို ၁၄၆၆ ခုနှစ်အထိ အကြိမ်ကြိမ် တိုးချဲ့ခဲ့ကြသည်။

မဲလဘြော့ရဲတိုကသြညပြိုလနနြိုငငြံ၏ တရားဝငြ အမွိုးသား သမိုငးပှတိုကတြဈခုအဖှဈ ၁၉၉၄ ခုနှဈတှငြ သတမြှတခြဲ့ ကာ ပိုလနြ အမွိုးသား အမှအနှေဈစာရငြးဝငြ အဆောကအြအုံလညြးဖှဈပသညြေ။ ကမျဘာ့နရောအနှံ့တှငြ တညရြှိနသညေ့ြ ရဲတိုကအြမွားစုသညြ ယခုအခါတှငြ အသုံးပှုခှငြးမရှိကှသောလြညြး သမိုငြးဝငြ ရှေးဟောငြး အဆောကအြအုံမွားအဖှဈ ကမျဘာလှည့ြ ခရီးသညမြွားက သှားရောကလြေ့လာ လညပြတလြကွရြှိနကှသေဖှင့ြ ရဲတိုကြ မွားတညရြှိသည့ြ နိုငငြံမွားသညြ ခရီးသှားလုပငြနြးမှ ဝငငြှမွေားရရှိနကှပေသညြေ။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် အောက်တိုဘာလထုတ် သုတစွယ်စုံ မဂ္ဂဇင်းမှ

Leave a Reply