ကမ္ဘာတစ်ဝှမ်းလုံးမှ ဗိသုကာလက်ရာများပေါင်းစပ်ထားတဲ့ အဆန်းသစ်ဆုံးအဆောက်အဦးကို တည်ဆောက်ရန် သန်း ၈၀ နီးပါး အသုံးပြုခဲ့တဲ့ လယ်သမားတစ်ဦး (ရုပ်သံ)

News Social News

ကမ္ဘာတစ်ဝှမ်းလုံးမှ ဗိသုကာလက်ရာများပေါင်းစပ်ထားတဲ့ အဆန်းသစ်ဆုံးအဆောက်အဦးကို တည်ဆောက်ရန် သန်း ၈၀ နီးပါး အသုံးပြုခဲ့တဲ့ လယ်သမားတစ်ဦး (ရုပ်သံ)

တရုတ်လယ်သမားတစ်ဦးက ကမ္ဘာတစ်ဝန်းလုံးမှ ဗိသုကာလက်ရာများပေါင်းစပ်ထားသော ‘တရုတ်နိုင်ငံရဲ့ အထူးဆန်းဆုံးအဆောက်အအုံ’ ကို တည်ဆောက်ရန် သန်း ၈၀ နီးပါး အသုံးပြုခဲ့ပြီး လူတွေအများကြီး ခရီးသွားဖို့ စုပြုံနေခဲ့ကြပါတယ် ။ မကြာသေးမီနှစ်များအတွင်း ကွမ်ရှီးပြည်နယ်ရှိ မြို့ငယ်လေး Xinsu ကို လူအများသိလာခဲ့ပါတယ် ။ မီတာ ၃၀ မြင့်တဲ့ အဆောက်အ ဦးတစ်ခု ဆောက်လုပ်ပြီးတဲ့အခါမှာ သေးငယ်တဲ့အဆောက်အဦးတွေကြားမှ ထင်ပေါ်ပြီး ထူးခြားတဲ့အမြင့်အပြင် အဆောက်အဦးရဲ့ ဒီဇိုင်းကလည်း တူညီစွာထူးခြားနေခဲ့ပါတယ် ။

အဆောက်အဦးတည်ဆောက်သူမှာ “Li Zhiguang” အမည်ရှိ လယ်သမားတစ်ဦး ဖြစ်ပါတယ် ။ ဒေသခံအာဏာပိုင်များက ထိုဒေသမှာ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် မူလကတည်းက စီစဉ်ထားပြီးသားဖြစ်တာကြောင့် လယ်သမား Li က မြေရာတွေကို သူပေးမယ်ဆိုရင် သူလိုချင်တဲ့အတိုင်း ဒီဇိုင်းဆွဲခွင့်ပြုပေးရန် အေဂျင်စီသို့ တောင်းဆိုခဲ့ပါတယ် ။

Li က ခရီးသွားများကို ဆွဲဆောင်ရန်အဆောက်အဦးများတည်ဆောက်ရန် စေတနာ့ဝန်ထမ်း လိမ့်မာဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ခုနစ်နှစ်တာကာလအတွင်း လူများအပန်းဖြေအနားယူနိုင်တဲ့ နေရာတစ်ခုဖြစ်အောင် ယွမ် ၁၅ သန်း (ဘတ်ငွေ ၇၉ သန်းခန့်) အသုံးပြုခဲ့ပါတယ် ။ ဒါပေမယ့် သူဒီလောက်ငွေအများကြီးကုန်ခဲ့တာ အနည်းငယ် စိတ်မကောင်းဖြစ်မိပါတယ် ။

ရန်ပုံငွေအကန့်အသတ်ကြောင့် ၆၀ ရာခိုင်နှုန်းသာ ပြီးစီးအောသ်လုပ်နိုင်ခဲ့ပြီး အရာအားလုံးပြီးစီးရန် အချိန်အနည်းငယ်ကြာလိမ့်မယ်လို့ မျှော်လင့်ရပါတယ် ။

အဆောက်အအုံရဲ့ အပြင်ဘက်မှာ ရုရှားမှုတ်သွင်းထားတဲ့ ကြက်သွန်ပုံသဏ္ဏာန်အမိုးကိုမြင်နိုင်ပါတယ် ။ အလယ်ဗဟိုက အနောက်တိုင်းပုံစံ ခေါင်းလောင်းမျှော်စင်ဖြစ်ပြီး ရေနွေးအိုးပုံသဏ္ဏာန် ရေကန်လည်းရှိပါတယ် ။ အဆောက်အဦးရဲ့အတွင်းပိုင်းဟာ အပြင်ဘက်လိုပဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ။

ပြင်သစ်စတိုင်အလှဆင်လှေခါးလက်ရန်းအချို့အခန်းများက တရုတ်ယဉ်ကျေးမှုပုံစံ အလှဆင်ပြီး အချို့အခန်းများကတော့ ခေတ်မီတဲ့ ရောင်စုံမီး အလှဆင်ခြင်းနဲ့ လူများစွာနားလည်ရခက်တဲ့ ပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ် ။ သို့သော် အဆောက်အအုံဒီဇိုင်းက ပိုပြီးပင် ထူးခြားလာပြီး နာမည်ကျော်ခရီးသွားများ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ် ။

အဆောက်အဦးရဲ့ ပုံများနဲ့ ဗွီဒီယိုများကို အင်တာနက်မှာ လွှင့်တင်ပြီးကတည်းက နွေဦး ပွဲတော်ကာလအတွင်းဖြစ်တဲ့ ၎င်းအဆောက်အအုံသို့ ခရီးသွားများ ပိုများလာပြီး လူထောင်သောင်းချီများတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေ အမြင့်ဆုံးနေ့ပင်ဖြစ်ခဲ့ပါတယ် ။

Zawgyi

တ႐ုတ္လယ္သမားတစ္ဦးက ကမာၻတစ္ဝန္းလုံးမွ ဗိသုကာလက္ရာမ်ားေပါင္းစပ္ထားေသာ ‘တ႐ုတ္ႏိုင္ငံရဲ႕ အထူးဆန္းဆုံးအေဆာက္အအုံ’ ကို တည္ေဆာက္ရန္ သန္း ၈၀ နီးပါး အသုံးျပဳခဲ့ၿပီး လူေတြအမ်ားႀကီး ခရီးသြားဖို႔ စုၿပဳံေနခဲ့ၾကပါတယ္ ။ မၾကာေသးမီႏွစ္မ်ားအတြင္း ကြမ္ရွီးျပည္နယ္ရွိ ၿမိဳ႕ငယ္ေလး Xinsu ကို လူအမ်ားသိလာခဲ့ပါတယ္ ။ မီတာ ၃၀ ျမင့္တဲ့ အေဆာက္အ ဦးတစ္ခု ေဆာက္လုပ္ၿပီးတဲ့အခါမွာ ေသးငယ္တဲ့အေဆာက္အဦးေတြၾကားမွ ထင္ေပၚၿပီး ထူးျခားတဲ့အျမင့္အျပင္ အေဆာက္အဦးရဲ႕ ဒီဇိုင္းကလည္း တူညီစြာထူးျခားေနခဲ့ပါတယ္ ။

အေဆာက္အဦးတည္ေဆာက္သူမွာ “Li Zhiguang” အမည္ရွိ လယ္သမားတစ္ဦး ျဖစ္ပါတယ္ ။ ေဒသခံအာဏာပိုင္မ်ားက ထိုေဒသမွာ ခရီးသြားလုပ္ငန္းျမႇင့္တင္ရန္ မူလကတည္းက စီစဥ္ထားၿပီးသားျဖစ္တာေၾကာင့္ လယ္သမား Li က ေျမရာေတြကို သူေပးမယ္ဆိုရင္ သူလိုခ်င္တဲ့အတိုင္း ဒီဇိုင္းဆြဲခြင့္ျပဳေပးရန္ ေအဂ်င္စီသို႔ ေတာင္းဆိုခဲ့ပါတယ္ ။

Li က ခရီးသြားမ်ားကို ဆြဲေဆာင္ရန္အေဆာက္အဦးမ်ားတည္ေဆာက္ရန္ ေစတနာ့ဝန္ထမ္း လိမ့္မာျဖစ္ပါတယ္ ။ လြန္ခဲ့တဲ့ ခုနစ္ႏွစ္တာကာလအတြင္း လူမ်ားအပန္းေျဖအနားယူႏိုင္တဲ့ ေနရာတစ္ခုျဖစ္ေအာင္ ယြမ္ ၁၅ သန္း (ဘတ္ေငြ ၇၉ သန္းခန႔္) အသုံးျပဳခဲ့ပါတယ္ ။ ဒါေပမယ့္ သူဒီေလာက္ေငြအမ်ားႀကီးကုန္ခဲ့တာ အနည္းငယ္ စိတ္မေကာင္းျဖစ္မိပါတယ္ ။

ရန္ပုံေငြအကန႔္အသတ္ေၾကာင့္ ၆၀ ရာခိုင္ႏႈန္းသာ ၿပီးစီးေအာသ္လုပ္ႏိုင္ခဲ့ၿပီး အရာအားလုံးၿပီးစီးရန္ အခ်ိန္အနည္းငယ္ၾကာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္ ။

အေဆာက္အအုံရဲ႕ အျပင္ဘက္မွာ ႐ုရွားမႈတ္သြင္းထားတဲ့ ၾကက္သြန္ပုံသဏၰာန္အမိုးကိုျမင္ႏိုင္ပါတယ္ ။ အလယ္ဗဟိုက အေနာက္တိုင္းပုံစံ ေခါင္းေလာင္းေမွ်ာ္စင္ျဖစ္ၿပီး ေရေႏြးအိုးပုံသဏၰာန္ ေရကန္လည္းရွိပါတယ္ ။ အေဆာက္အဦးရဲ႕အတြင္းပိုင္းဟာ အျပင္ဘက္လိုပဲ စိတ္ဝင္စားဖို႔ေကာင္းပါတယ္ ။

ျပင္သစ္စတိုင္အလွဆင္ေလွခါးလက္ရန္းအခ်ိဳ႕အခန္းမ်ားက တ႐ုတ္ယဥ္ေက်းမႈပုံစံ အလွဆင္ၿပီး အခ်ိဳ႕အခန္းမ်ားကေတာ့ ေခတ္မီတဲ့ ေရာင္စုံမီး အလွဆင္ျခင္းနဲ႔ လူမ်ားစြာနားလည္ရခက္တဲ့ ေပါင္းစပ္မႈတစ္ခုျဖစ္ပါတယ္ ။ သို႔ေသာ္ အေဆာက္အအုံဒီဇိုင္းက ပိုၿပီးပင္ ထူးျခားလာၿပီး နာမည္ေက်ာ္ခရီးသြားမ်ား စိတ္ဝင္စားစရာျဖစ္လာခဲ့ပါတယ္ ။

အေဆာက္အဦးရဲ႕ ပုံမ်ားနဲ႔ ဗြီဒီယိုမ်ားကို အင္တာနက္မွာ လႊင့္တင္ၿပီးကတည္းက ေႏြဦး ပြဲေတာ္ကာလအတြင္းျဖစ္တဲ့ ၎အေဆာက္အအုံသို႔ ခရီးသြားမ်ား ပိုမ်ားလာၿပီး လူေထာင္ေသာင္းခ်ီမ်ားတဲ့ ကမာၻလွည့္ခရီးသြားဦးေရ အျမင့္ဆုံးေန႔ပင္ျဖစ္ခဲ့ပါတယ္ ။

Crd