ကမ္ဘာကို ‌ဗျောင်ကျကျ သွေးတိုးစမ်းလိုက်တဲ့ တရုတ်ရဲ့ ပိုင်နက်ပင်လယ်ပြင်ဥပဒေအသစ်

News

ကမ္ဘာကို ‌ဗျောင်ကျကျ သွေးတိုးစမ်းလိုက်တဲ့ တရုတ်ရဲ့ ပိုင်နက်ပင်လယ်ပြင်ဥပဒေအသစ်

တရုပ်ပင်လယ်ရေပြင်ပိုင်နက်ကို ဝင်လာမယ်ဆိုရင် မလာခင် မှာအသေးစိတ်အချက်အလက်တွေ ကြိုတင်တင်ပြကြရမယ် လို့စက်တင်ဘာလ၁ရက်နေ့ကကြေညာပါတယ် သင်္ဘောအမည် အခေါ်သညာ လက်ရှိတည်နေရာ နောက်ထပ်သွားရောက်မဲ့ ဆိပ်ကမ်း နဲ့ ခန့်မှန်းရောက်ရှိမယ့်အချိန် စတာတွေကို တရုပ်အာဏာပိုင်တွေဆီ ပေးပို့ရမယ် လို့ ဖြစ်ပါတယ်

အန္တရာယ်ရှိတဲ့ ကုန်တွေတင်လာတဲ့ ရေယာဉ်တွေအတွက် ဒီတောင်းဆိုမှုဟာ ကျိုးကြောင်းဆီလျော်ပေမယ့် ” တရုပ်ရေပြင်ပိုင်နက်” ( Chinese Territorial Water) ဆိုတာက ဘာကို တိတိကျကျဖော်ဆောင်နေသလဲဆိုတာသည် စဉ်းစားစရာမေးခွန်းဖြစ်လာပါတယ် တောင်တရုပ်ပင်လယ်မှာတရုပ်ဟာ သူတို့သတ်မှတ်ထားတဲ့ အဆမတန်ဖြစ်နေပြီးအများအပြားက

လက်မခံနိုင်တဲ့ (far-reaching nine-dash line) ကိစ္စရယ် အရှေ့တရုပ်ပင်လယ်က ကျွန်းတွေအတွက်ရယ် နဲ့ အငြင်းပွားမှုတွေ ဖြစ်နေရ ဂျပန်နဲ့အမေရိကန်တို့က လုံးဝလက်မခံထားကြပါဘူး အခုလိုကြေညာချက်ထုတ်တဲ့အပေါ် အခုလိုလက်မခံတာကို တရုပ်တို့ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့မေးခွန်းလည်းထွက်ပေါ်လာပါတယ် စက်တင်ဘာလ ၁ရက်နေ့မှာ နိုင်ငံခြားရေယာဉ်၅မျိုးဖြစ်တဲ့ ရေငုပ်ရေယာဉ်

နျူကလီးယားပါဝါသုံးရေယာဉ် ရေဒီယိုသတ္တိကြွပစ္စည်းတွေတင်ဆောင်လာတဲ့ရေယာဉ် ဝမ်းလောင်းဆီတွေသယ်လာတဲ့ရေယာဉ် ဝမ်းလောင်းဓာတုဗေဒပစ္စည်းတွေ ငွေ့ရည်ဖွဲ့ထားတဲ့ ဓါတ်ငွေ့နဲ့ အခြားအဆိပ်အတောက်ဖြစ်စေတဲ့ ကုန်တွေ သယ်လာတဲ့ရေယာဉ်တွေ အပါအဝင် တရုပ်ပြည်ရဲ့ပင်လယ်ရေကြောင်းလုံခြုံမှုကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရေယာဉ်တွေဟာ တရုပ်အစိုးရကို အပေါ်က ဖော်ပြတဲ့

အချက်အလက်အသေးစိတ်တွေ ကြိုတင်ပေးပို့ရမယ် လို့ သောကြာနေ့က တရုပ်အစိုးရကထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ် ဒါဟာ အပြစ်ကင်းမဲ့စွာဖြတ်သန်းသွားလာခြင်းဆိုတဲ့ ကုလသမဂ္ဂရဲ့ ပဋိညာဉ်ကို ဆန့်ကျင်နေတယ်လို့ လေ့လာသူတွေကဆိုပါတယ်

crd-Pi Lon Ref
CNN
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi







crd-Pi Lon Ref
CNN