ကမာၻ႔အႀကီးဆုံးေ႐ႊတုံးႀကီး ႏွင့္းေ႐ႊ သမိုင္း ျဖစ္စဥ္

Unicode

ရွှေကို ရှေးနှစ်ပေါင်းများစွာကတည်းက သတ္တုတို့၏ဘုရင်ဟု အသိအမှတ်ပြုခဲ့ကြ၏။ ရွှေသည် အလွန်လေးလံ၍ အဖိုးတန်သော သတ္တုဒြပ်စင်ဖြစ်၏။

တောက်ပသော အဝါရောင်ရှိ၏။ အရောင်မမှိန်နိုင်သော ဂုဏ်သတ္တိရှိ၏။ သယံဇာတအဖြစ် သဘာဝတွင် ရှားရှားပါးပါးတွေ့ရ၍ လူတို့ ပထမဆုံးအသုံးပြုခဲ့သော သတ္တုတစ်ခုဖြစ်၏။

ရှေးအီဂျစ်လူမျိုး၊ အဆီရီယန်လူမျိုး၊ အီထရက်စတန်လူမျိုးတို့ လက်ထက်မှစ၍ ရွှေကိုတွေ့ရှိခဲ့ပြီး အမြတ်တနိုးသုံးစွဲခဲ့ကြ၏။ ရွှေကို ပထမဆုံးတွေ့ရှိခဲ့သူမှာ ဖိနိချင်း ဆိုသူ အီဂျစ်လူမျိုးဖြစ်သည်ဟုဆို၏။

လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်ခန့်က ရွှေဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင် ပန်းကန်ခွက်ယောက်များကို မက်ဆိုပိုတေးမီးယားပြည် အာမြို့တော်မှာ တူးဖော်တွေ့ရှိခဲ့ကြ၏။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ကျော်ခန့်က

ဂရိလူမျိုးများ ဝတ်ဆင်သုံးစွဲခဲ့သော ရွှေနားဆွဲ၊ ရွှေလက်ကောက်၊ ရွှေလည်ဆွဲ၊ ရွှေလက်စွပ်စသည်တို့ကို ယခုအခါ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန်ပြတိုက်တွင် တွေ့ရှိနိုင်၏။

မြန်မာနိုင်ငံတွင်လည်း သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် များက ရွှေထည်လက်ဝတ်ရတနာများကို အမျိုးသားပြတိုက်တွင် တွေ့ရှိနိုင်၏။

ဤကဲ့သို့ ကာလကြာညောင်းစွာ ပုံမပျက်၊ ပန်းမပျက်ဘဲ တည်တံ့နေနိုင်ခြင်းမှာ ရွှေ၏ အရောင်မမှိန်နိုင်သည့် ဂုဏ်အပြင် ချေးမတက်တတ်သည့် ဂုဏ်သတ္တိရှိ ခြင်းကြောင့်ဖြစ်၏။

ရွှေတွေ့ရှိရသော အရင်းအမြစ်များ…

ရွှေကို အများအားဖြင့် သတ္တုချည်းသက်သက်တွေ့ရှိရတတ်၏။ ကျောက်ရိုင်းအနေဖြင့်လည်း တွေ့ရတတ်၏။ သတ္တုအနေဖြင့် တွေ့ရှိရလျှင် ရာနှုန်းပြည့် ရွှေစစ်စစ်အဖြစ်မဟုတ်ဘဲ အခြားသတ္တုများနှင့် ရောနှောနေတတ်၏။

အများအားဖြင့် ငွေသတ္တုနှင့်ရောနှောနေတတ်၏။ ကြေးသတ္တုနှင့်လည်း ရောနှောနေတတ်၏။ ရွှေကို အထူးသဖြင့် အဝါရောင်သတ္တုကျောက်ရိုင်းတစ်မျိုးမှ ရရှိတတ်၏။ ၎င်းတွင်းထွက်ကျောက်ရိုင်းတွင် ရွှေအများဆုံးပါဝင်တတ်၏။

၎င်းကျောက်ရိုင်းမျိုးကို Calaverite ကလာဗာရိုက် ဟုခေါ်၏။ ရွှေကိုကျောက်တုံးများအတွင်း၌လည်းကောင်း၊ပင်လယ်ရေ၌လည်းကောင်း၊ ပင်လယ်ရေအောက်နုန်းတင်မြေ၌လည်းကောင်း၊မြေကြီးထဲ၌လည်းကောင်း တွေ့နိုင်၏။

လူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ရွှေကိုတွေ့ရ၏။ အလေးချိန် ၁၀တန်ရှိသော ဆံပင်များကို ကျိုချက်ကြည့်သောအခါ ရွှေတစ်အောင်စ ရရှိသည်ဟု သိရ၏။ ပင်လယ်ထဲတွင် ဟိုလိုသူရီယန် (Holothurian) ငါးတစ်ကောင်တွင် ရွှေပါဝင်မှု PPM – 0.024 နှင့် 0.03 ပါဝင်သည်ဆို၏။ (PPM = Part Per Million)

ကမ္ဘာ့အကြီးဆုံးရွှေတုံးကြီး…

ကမ္ဘာပေါ်တွင် သဘာဝအလျောက်တွေ့ခဲ့ရသော ရွှေတုံးများအနက် အကြီးဆုံးရွှေတုံးမှာ ၁၈၆၉ ခုနှစ်က သြစတြေးလျနိုင်ငံ ဝိတိုရိယဒေသတွင် ရရှိခဲ့သော အလေးချိန် ၂၂၈၄ အောင်စရှိသည့် Welcome Stranger (ခေါ်) ဧည့်သည်တော်ဟု အမည်တွင်သော ရွှေတုံးကြီးဖြစ်၏။

အင်္ဂလန်၌တွေ့ရသော ရွှေုတုံးကြီးမှာလည်း ၂၂၁၇ အောင်စရှိ၏။ သြစတြီးယားပြည့်၌လည်း ၁၉ပိဿာ ရှိ ရွှေတုံးကြီးတွေ့ရှိခဲ့၏။

ဤစာစုကို ကောက်နှုတ် ရေးသားပြုစုပေးသောဆရာ ဦးရဲမာန်အောင် အား လေးစားစွာ crd ပေးပါသည်.. (ဆရာကျီးသဲညွန့်နိုင်၏ “ရွှေသုတေသန” ဆောင်းပါးများမှ ကောက်နှုတ်ကူးယူဖော်ပြပါသည် ဟု သိရှိရပါသည်)

Crd

Zawgyi

ေ႐ႊကို ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက သတၱဳတို႔၏ဘုရင္ဟု အသိအမွတ္ျပဳခဲ့ၾက၏။ ေ႐ႊသည္ အလြန္ေလးလံ၍ အဖိုးတန္ေသာ သတၱဳျဒပ္စင္ျဖစ္၏။

ေတာက္ပေသာ အဝါေရာင္ရွိ၏။ အေရာင္မမွိန္ႏိုင္ေသာ ဂုဏ္သတၱိရွိ၏။ သယံဇာတအျဖစ္ သဘာဝတြင္ ရွားရွားပါးပါးေတြ႕ရ၍ လူတို႔ ပထမဆုံးအသုံးျပဳခဲ့ေသာ သတၱဳတစ္ခုျဖစ္၏။

ေရွးအီဂ်စ္လူမ်ိဳး၊ အဆီရီယန္လူမ်ိဳး၊ အီထရက္စတန္လူမ်ိဳးတို႔ လက္ထက္မွစ၍ ေ႐ႊကိုေတြ႕ရွိခဲ့ၿပီး အျမတ္တႏိုးသုံးစြဲခဲ့ၾက၏။ ေ႐ႊကို ပထမဆုံးေတြ႕ရွိခဲ့သူမွာ ဖိနိခ်င္း ဆိုသူ အီဂ်စ္လူမ်ိဳးျဖစ္သည္ဟုဆို၏။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၅၀၀၀ ေက်ာ္ခန႔္က ေ႐ႊျဖင့္ျပဳလုပ္ထားေသာ လူ႔အသုံးအေဆာင္ ပန္းကန္ခြက္ေယာက္မ်ားကို မက္ဆိုပိုေတးမီးယားျပည္ အာၿမိဳ႕ေတာ္မွာ တူးေဖာ္ေတြ႕ရွိခဲ့ၾက၏။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀၀၀ေက်ာ္ခန႔္က

ဂရိလူမ်ိဳးမ်ား ဝတ္ဆင္သုံးစြဲခဲ့ေသာ ေ႐ႊနားဆြဲ၊ ေ႐ႊလက္ေကာက္၊ ေ႐ႊလည္ဆြဲ၊ ေ႐ႊလက္စြပ္စသည္တို႔ကို ယခုအခါ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ မက္ထ႐ိုပိုလီတန္ျပတိုက္တြင္ ေတြ႕ရွိႏိုင္၏။

ျမန္မာႏိုင္ငံတြင္လည္း သေရေခတၱရာ၊ ဗိႆႏိုး၊ ဟန္လင္း၊ ပုဂံ၊ ပင္းယ၊ အင္းဝ၊ ေတာင္ငူ၊ ေညာင္ရမ္း၊ ကုန္းေဘာင္ေခတ္ မ်ားက ေ႐ႊထည္လက္ဝတ္ရတနာမ်ားကို အမ်ိဳးသားျပတိုက္တြင္ ေတြ႕ရွိႏိုင္၏။

ဤကဲ့သို႔ ကာလၾကာေညာင္းစြာ ပုံမပ်က္၊ ပန္းမပ်က္ဘဲ တည္တံ့ေနႏိုင္ျခင္းမွာ ေ႐ႊ၏ အေရာင္မမွိန္ႏိုင္သည့္ ဂုဏ္အျပင္ ေခ်းမတက္တတ္သည့္ ဂုဏ္သတၱိရွိ ျခင္းေၾကာင့္ျဖစ္၏။

ေ႐ႊေတြ႕ရွိရေသာ အရင္းအျမစ္မ်ား…

ေ႐ႊကို အမ်ားအားျဖင့္ သတၱဳခ်ည္းသက္သက္ေတြ႕ရွိရတတ္၏။ ေက်ာက္႐ိုင္းအေနျဖင့္လည္း ေတြ႕ရတတ္၏။ သတၱဳအေနျဖင့္ ေတြ႕ရွိရလွ်င္ ရာႏႈန္းျပည့္ ေ႐ႊစစ္စစ္အျဖစ္မဟုတ္ဘဲ အျခားသတၱဳမ်ားႏွင့္ ေရာေႏွာေနတတ္၏။

အမ်ားအားျဖင့္ ေငြသတၱဳႏွင့္ေရာေႏွာေနတတ္၏။ ေၾကးသတၱဳႏွင့္လည္း ေရာေႏွာေနတတ္၏။ ေ႐ႊကို အထူးသျဖင့္ အဝါေရာင္သတၱဳေက်ာက္႐ိုင္းတစ္မ်ိဳးမွ ရရွိတတ္၏။ ၎တြင္းထြက္ေက်ာက္႐ိုင္းတြင္ ေ႐ႊအမ်ားဆုံးပါဝင္တတ္၏။

၎ေက်ာက္႐ိုင္းမ်ိဳးကို Calaverite ကလာဗာ႐ိုက္ ဟုေခၚ၏။ ေ႐ႊကိုေက်ာက္တုံးမ်ားအတြင္း၌လည္းေကာင္း၊ပင္လယ္ေရ၌လည္းေကာင္း၊ ပင္လယ္ေရေအာက္ႏုန္းတင္ေျမ၌လည္းေကာင္း၊ေျမႀကီးထဲ၌လည္းေကာင္း ေတြ႕ႏိုင္၏။

လူ၏ခႏၶာကိုယ္ေပၚတြင္လည္း ေ႐ႊကိုေတြ႕ရ၏။ အေလးခ်ိန္ ၁၀တန္ရွိေသာ ဆံပင္မ်ားကို က်ိဳခ်က္ၾကည့္ေသာအခါ ေ႐ႊတစ္ေအာင္စ ရရွိသည္ဟု သိရ၏။ ပင္လယ္ထဲတြင္ ဟိုလိုသူရီယန္ (Holothurian) ငါးတစ္ေကာင္တြင္ ေ႐ႊပါဝင္မႈ PPM – 0.024 ႏွင့္ 0.03 ပါဝင္သည္ဆို၏။ (PPM = Part Per Million)

ကမာၻ႔အႀကီးဆုံးေ႐ႊတုံးႀကီး…

ကမာၻေပၚတြင္ သဘာဝအေလ်ာက္ေတြ႕ခဲ့ရေသာ ေ႐ႊတုံးမ်ားအနက္ အႀကီးဆုံးေ႐ႊတုံးမွာ ၁၈၆၉ ခုႏွစ္က ၾသစေၾတးလ်ႏိုင္ငံ ဝိတိုရိယေဒသတြင္ ရရွိခဲ့ေသာ အေလးခ်ိန္ ၂၂၈၄ ေအာင္စရွိသည့္ Welcome Stranger (ေခၚ) ဧည့္သည္ေတာ္ဟု အမည္တြင္ေသာ ေ႐ႊတုံးႀကီးျဖစ္၏။

အဂၤလန္၌ေတြ႕ရေသာ ေ႐ႊုတုံးႀကီးမွာလည္း ၂၂၁၇ ေအာင္စရွိ၏။ ၾသစႀတီးယားျပည့္၌လည္း ၁၉ပိႆာ ရွိ ေ႐ႊတုံးႀကီးေတြ႕ရွိခဲ့၏။

ဤစာစုကို ေကာက္ႏႈတ္ ေရးသားျပဳစုေပးေသာဆရာ ဦးရဲမာန္ေအာင္ အား ေလးစားစြာ crd ေပးပါသည္.. (ဆရာက်ီးသဲၫြန႔္ႏိုင္၏ “ေ႐ႊသုေတသန” ေဆာင္းပါးမ်ားမွ ေကာက္ႏႈတ္ကူးယူေဖာ္ျပပါသည္ ဟု သိရွိရပါသည္)

Crd

Crd