ကမာၻတစ္ပတ္ တစ္ကိုယ္ေတာ္ပ်ံသန္းႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံးပိုင္းေလာ့

News Social News

ကမာၻတစ္ပတ္ တစ္ကိုယ္ေတာ္ပ်ံသန္းႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံးပိုင္းေလာ့

ဆယ္ေက်ာ္သက္ပိုင္းေလာ့ဟာ ကမာၻတစ္ပတ္ကို ေလယာဥ္ငယ္နဲ႔ တစ္ကိုယ္ေတာ္ပ်ံသန္းႏိုင္တဲ့ အသက္အငယ္ဆုံး ျဖစ္လာခဲ့ပါတယ္။ ၿဗိတိန္မိဘႏွစ္ပါးက ဘယ္လ္ဂ်ီယံႏိုင္ငံမွာ ေမြးဖြားခဲ့တဲ့ မက္ခ္႐ူသာဖို႔ဒ္က အသက္ ၁၇ ႏွစ္ပဲ ရွိပါေသးတယ္။ သူဟာ မတ္လ ၂၃ ရက္မွာ ဘူလ္ေဂးရီးယားႏိုင္ငံၿမိဳ႕ေတာ္ ဆိုဖီယာကေန စတင္ထြက္ခြာခဲ့ၿပီး ၅ လၾကာကာလအတြင္း ႏိုင္ငံေပါင္း ၅၂ ႏိုင္ငံကို ျဖတ္သန္းခဲ့တာပါ။

မက္ခ္ဟာ သူ႔ရဲ႕ခရီးစဥ္တစ္ေလွ်ာက္ ဆူဒန္ႏိုင္ငံမွာ သဲမုန္တိုင္း၊ ဒူဘိုင္းရဲ႕ ေၾကာက္မက္ဖြယ္ အပူဒဏ္၊ အိႏၵိယမွာ မေမွ်ာ္လင့္ဘဲ ေလဆိပ္ပိတ္ထားတာ၊ ပစိဖိတ္သမုဒၵရာထဲက လူမေနတဲ့ ကြၽန္းတစ္ကြၽန္းမွာ တညအိပ္ခဲ့ရတာ အစရွိတဲ့ ျဖစ္ရပ္မ်ိဳးေတြ ႀကဳံခဲ့ရပါတယ္။

မက္ခ္ဟာ ဒီခရီးစဥ္မွာ ဥေရာပတိုက္၊ အာရွတိုက္၊ အာဖရိကတိုက္၊ အေမရိကန္နဲ႔ သမုဒၵရာႏွစ္ခုကို ျဖတ္ေက်ာ္ျဖတ္သန္းခဲ့တာပါ။ မက္ခ္မတိုင္ခင္ ကမာၻတစ္ပတ္ တစ္ကိုယ္ေတာ္ ပ်ံသန္းခဲ့တဲ့ အသက္အငယ္ဆုံးသူကေတာ့ ၁၈ ႏွစ္၊ ရက္ ၁၅၀ အ႐ြယ္ရွိတဲ့ ၿဗိတိန္ပိုင္းေလာ့ ထရာဗစ္လက္ဒေလာပါပဲ။

မက္ခ္ဟာ ေလေၾကာင္းပ်ံသန္းသူမ်ိဳး႐ိုးကေန ဆင္းသက္လာသူျဖစ္ၿပီး သူ႔ရဲ႕အစ္မ ဇာရာကလည္း ကမာၻတစ္ပတ္ကို တစ္ကိုယ္ေတာ္ပ်ံသန္းႏိုင္တဲ့ အသက္အငယ္ဆုံးအမ်ိဳးသမီးအျဖစ္ စံခ်ိန္တင္ခဲ့သူပါ။ ဇာရာက ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ သူ႔ရဲ႕ခရီးစဥ္ကို ေအာင္ျမင္စြာ ပ်ံသန္းႏိုင္ခဲ့တာပါ။ မက္ခ္ရဲ႕ခရီးစဥ္အတြက္ ဇာရာက အႀကံေပးခဲ့ပါတယ္။

သူ႔ရဲ႕ခရီးစဥ္ ၿပီးေျမာက္ခဲ့ၿပီးေနာက္မွာေတာ့ မက္ခ္က ” ဘယ္အသက္အ႐ြယ္ပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕အိပ္မက္ေနာက္ကို လိုက္ပါ။ ႀကိဳးစားအားထုတ္ၿပီး ရည္မွန္းခ်က္ေအာင္ျမင္ေအာင္လုပ္ပါ” လို႔ တိုက္တြန္းခဲ့ပါတယ္။ မက္ခ္ဟာ ၃ ႏွစ္သားအ႐ြယ္ကတည္းက ပိုင္းေလာ့ျဖစ္ခ်င္ခဲ့ၿပီး အသက္ ၁၅ ႏွစ္အ႐ြယ္မွာ ပိုင္းေလာ့လိုင္စင္ ရခဲ့တာပါ။
crd

Unicode
ကမ္ဘာတစ်ပတ် တစ်ကိုယ်တော်ပျံသန်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပိုင်းလော့

ဆယ်ကျော်သက်ပိုင်းလော့ဟာ ကမ္ဘာတစ်ပတ်ကို လေယာဉ်ငယ်နဲ့ တစ်ကိုယ်တော်ပျံသန်းနိုင်တဲ့ အသက်အငယ်ဆုံး ဖြစ်လာခဲ့ပါတယ်။ ဗြိတိန်မိဘနှစ်ပါးက ဘယ်လ်ဂျီယံနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မက်ခ်ရူသာဖို့ဒ်က အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ မတ်လ ၂၃ ရက်မှာ ဘူလ်ဂေးရီးယားနိုင်ငံမြို့တော် ဆိုဖီယာကနေ စတင်ထွက်ခွာခဲ့ပြီး ၅ လကြာကာလအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံကို ဖြတ်သန်းခဲ့တာပါ။

မက်ခ်ဟာ သူ့ရဲ့ခရီးစဉ်တစ်လျှောက် ဆူဒန်နိုင်ငံမှာ သဲမုန်တိုင်း၊ ဒူဘိုင်းရဲ့ ကြောက်မက်ဖွယ် အပူဒဏ်၊ အိန္ဒိယမှာ မမျှော်လင့်ဘဲ လေဆိပ်ပိတ်ထားတာ၊ ပစိဖိတ်သမုဒ္ဒရာထဲက လူမနေတဲ့ ကျွန်းတစ်ကျွန်းမှာ တညအိပ်ခဲ့ရတာ အစရှိတဲ့ ဖြစ်ရပ်မျိုးတွေ ကြုံခဲ့ရပါတယ်။

မက်ခ်ဟာ ဒီခရီးစဉ်မှာ ဥရောပတိုက်၊ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကန်နဲ့ သမုဒ္ဒရာနှစ်ခုကို ဖြတ်ကျော်ဖြတ်သန်းခဲ့တာပါ။ မက်ခ်မတိုင်ခင် ကမ္ဘာတစ်ပတ် တစ်ကိုယ်တော် ပျံသန်းခဲ့တဲ့ အသက်အငယ်ဆုံးသူကတော့ ၁၈ နှစ်၊ ရက် ၁၅၀ အရွယ်ရှိတဲ့ ဗြိတိန်ပိုင်းလော့ ထရာဗစ်လက်ဒလောပါပဲ။

မက်ခ်ဟာ လေကြောင်းပျံသန်းသူမျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပြီး သူ့ရဲ့အစ်မ ဇာရာကလည်း ကမ္ဘာတစ်ပတ်ကို တစ်ကိုယ်တော်ပျံသန်းနိုင်တဲ့ အသက်အငယ်ဆုံးအမျိုးသမီးအဖြစ် စံချိန်တင်ခဲ့သူပါ။ ဇာရာက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ သူ့ရဲ့ခရီးစဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တာပါ။ မက်ခ်ရဲ့ခရီးစဉ်အတွက် ဇာရာက အကြံပေးခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ် ပြီးမြောက်ခဲ့ပြီးနောက်မှာတော့ မက်ခ်က ” ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိပ်မက်နောက်ကို လိုက်ပါ။ ကြိုးစားအားထုတ်ပြီး ရည်မှန်းချက်အောင်မြင်အောင်လုပ်ပါ” လို့ တိုက်တွန်းခဲ့ပါတယ်။ မက်ခ်ဟာ ၃ နှစ်သားအရွယ်ကတည်းက ပိုင်းလော့ဖြစ်ချင်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ ပိုင်းလော့လိုင်စင် ရခဲ့တာပါ။
crd

Crd