
ကမ္ဘာက ပျက်ရယ်ပြုနေတဲ့ ယူကရိန်းစစ်ပွဲမှာ ငြိမ်းချမ်းရေးအတွက်ဆိုပြီး ငပွကြီးဝင်လုပ်တဲ့ “တရုပ်ရဲ့စေတနာ၁၂ချက်”

တရုပ်က ယူကရိန်းစစ်မှာရေးငြိမ်းချမ်းရေးအတွက်ကြားဝင်ဖို့ဆိုပြီး အချက်၁၂ ချက်ပါတဲ့ အစီအစဉ်ကိုချပြကမ်းလှမ်းလာတယ်
အချက်၁၂ ချက်ရဲ့ထိပ်ဆုံးမှာ ဘာကိုထည့်ထားသလဲ
ဆိုတော့ respecting the sovereignty of all countries ဆိုတာနဲ့စလိုက်တာမှာ အနောက်အုပ်စုခေါင်းဆောင်တွေက ဝိုင်းကန့်ကွက်ကုန်ကြရော

သူများနိုင်ငံရဲ့အချုပ်အခြားကိုလေးစားရင် နယ်နိမိတ်ထဲလာကျူးကျော်နေတာကိုရပ်ပြီး ရုရှတပ်တွေပြန်ဆုတ်လိုဖို့အရင်ပြော ဆိုပြီးဖြစ်လာသလို
နေတိုး အတွင်းရေးမှူးချုပ်က တရုပ်ဟာ
ရုရှကို ကျူးကျော်တယ်ဆိုတဲ့စကားလုံးတောင်သုံးခဲ့တဲ့သူမဟုတ်ဘူး invasion ဆိုတာကိုတောင် လက်မခံဘဲ
စပါယ်ရှယ်စစ်ရေးဆိုပြီးရုရှရဲ့အလုံးကို သံယောင်လိုက်နေတဲ့ဟာ ဘယ်လိုလုပ်ပြီး အချုပ်အခြာအာဏာပိုင်စိုးမှုကို လေးစားဖို့လာပြောနေသလဲ ဆိုပြီး နှက်ပါတယ်

သူက
ဘေဂျင်းဟာ အများယုံကြည်မှုသိပ်ရနေတာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ ရုရှရဲ့ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချဖို့တောင်ပျက်ကွက်နေခဲ့တယ်ဆိုတာ ကမ္ဘာကသိပြီးသားဖြစ်နေလို့ပဲ တဲ့
” Beijing doesn’t have much credibility ” တဲ့

ယူကရိန်းဇယ်လန်စကီးကတော့ ငြိမ်းချမ်းရေးလုပ်စေ့ချင်ရင် ရုရှတပ်တွေ ပြန်ဆုတ်ခွာဖို့အရင်လုပ်
နယ်နိမိတ်ကို ၁၉၉၀ ဆိုဗိယက်ပြိုကွဲခဲ့စဉ်က သတ်မှတ်တဲ့ နယ်နိမိတ်အတိုင်းပြန်ဆုတ်ခွာ သတ်မှတ်ဖို့သာအရင်လုပ်ပါလို့ ဆိုပါတယ်
အမေရိကန်အိမ်ဖြူတော်နဲ့ NSA ရယ် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရယ်ကတော့ ပလန်ကိုပယ်ချလိုက်ပါတယ်
ဘာလို့လဲ ဆိုတော့ တရုပ်အနေနဲ့ ရုရှကိုလူသေစေနိုင်တဲ့လက်နက်တွေ ထောက်ပံ့ဖို့သတင်းထွက်နေတာကို
ဖုံးကွယ်စေဖို့ကမ္ဘာကို လှည့်ကွက်သုံးလိုနေတာအဖြစ်မြင်ရပြီး အချက်၁၂ ချက်ဟာ လတ်တလောယူကရိန်းစစ်ကို မရည်ရွယ်ပဲ ကမ္ဘာကို သူဖြစ်စေချင်နေတဲ့အတိုင်း
ဆန်ရှင်တွေရပ်ပေးဖို့တို့ ဘာညာတို့စတဲ့ လိုလားချက်တွေကိုချပြနေတာသာဖြစ်တာ လူတိုင်းသိတယ်လို့ပြောလိုက်ပါတယ်

ဘေဂျင်းရဲ့ proposalမှာရုရှကို စတင်ကျူးကျော်သူ
ရန်လိုသူအဖြစ်တောင် မဆိုလိုထားဘူး
ပူတင်ရယ် စစ်ကိုရပ်လိုက်ပါလားလို့တစ်လုံးတောင်မပါဘဲ
နှစ်ဖက်လျော့ချကြဖို့တို့
ငြိမ်းချမ်းရေးစကားပြောကြဖို့တို့ဆိုတာတွေဟာ တရုပ်အစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ ပလက်ဖောင်းကြီးနဲ့တအားဝေးကွာလွန်းနေတယ်လို့လည်း ဘလင်ကန်ကဆိုခဲ့ပါတယ်

တရုပ်တို့ဟာ ဘာတစ်ခုလေးမှမလုပ်ပြပဲ PR victory ရချင်နေတာပါလို့ politico စာစောင်ကရေးသားခဲ့ပြီး
ယူကရိန်းအတွက်စာနာမှုကိုပြသထားတာမတွေ့ရတဲ့ ကမ်းလှမ်းချက်လို့ သုံးသပ်ပါတယ်

တရုပ်တို့ရဲ့ ၁၂ချက်က အောက်မှာပါ –
1. Respecting the sovereignty of all countries.
2. Abandoning the Cold War mentality
3. Ceasing hostilities.
4. Resuming peace talks

5. Resolving the humanitarian crisis.
6. Protecting civilians and prisoners of war (POWs).
7. Keeping nuclear power plants safe.
8. Reducing strategic risks.

9. Facilitating grain exports.
10. Stopping unilateral sanctions.
11. Keeping industrial and supply chains stable.
12. Promoting post-conflict reconstruction

crd
Pi Lon
Ref politico AP Reuters mfa

Unicode







1. Respecting the sovereignty of all countries.
2. Abandoning the Cold War mentality
3. Ceasing hostilities.
4. Resuming peace talks

5. Resolving the humanitarian crisis.
6. Protecting civilians and prisoners of war (POWs).
7. Keeping nuclear power plants safe.
8. Reducing strategic risks.

9. Facilitating grain exports.
10. Stopping unilateral sanctions.
11. Keeping industrial and supply chains stable.
12. Promoting post-conflict reconstruction

crd
Pi Lon
Ref politico AP Reuters mfa

Crd