ကင်ဆာရောဂါကို အနံ့ခံနိုင်စွမ်းရှိကြတဲ့ တိရစ္ဆာန်မျိုးစိတ်များ
ကင်ဆာရဲ့ အနံ့က ဘယ်လိုမျိုးလဲဆိုတာ ဒီမျိုးစိတ်တွေက အနံ့ခံပေးနိုင်ပြီး ရောဂါရှာဖွေရာမှာ ဆရာဝန်တွေကို အထောက်အကူပြုပေးနိုင်တယ်လို့ သိရပါတယ်။
ဒါက ခွေးတွေသာမကဘဲ ပိုးမွှားတွေနဲ့ ပုရွက်ဆိတ်တွေအထိပါ ကင်ဆာမှစပြီး ကိုဗစ်ရောဂါနဲ့ တီဘီရောဂါအထိ ရောဂါလက္ခဏာများကို ရှာဖွေသိရှိနိုင်ဖို့အတွက် လေ့ကျင့်ပေးနိုင်ပါတယ်။
ပထမဆုံးအနေနဲ့ ဥရောပတစ်ခွင်မှာ တွေ့ရလေ့ရှိတဲ့ ပိုးသားပုရွက်ဆိတ် Formica fusca ဟာ ဆီးထဲက ရင်သားကင်ဆာရဲ့ ရနံ့ကို သိရှိနိုင်စေဖို့ သင်ကြားပေးနိုင်တယ်လို့ ဆိုပါတယ်။
ယခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သုတေသနပြုချက်အရ ပုရွက်ဆိတ်တွေဟာ ကင်ဆာကြောင့် ပြောင်းလဲသွားတယ်၊ လူသားတွေရဲ့ ဆီးနံ့ကို သိရှိနိုင်တယ်လို့ ဆိုထားပါတယ်။
ပုရွက်ဆိတ်တွေဟာ မငြိမ်မသက်ဖြစ်နေကြတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများ သို့မဟုတ် VOCs များကို သိမြင်ခြင်းဖြင့် ရောဂါလက္ခဏာများကို ရှာဖွေသိရှိနိုင်ပါတယ်။
ဒီလိုဓာတုပစ္စည်းများကို အသက်ရှူလမ်းကြောင်း၊ ချွေး၊ ဆီးနဲ့ သွေးတို့မှာ တွေ့ရှိနိုင်ပြီး ရောဂါတွေဟာ ကျွန်တော်တို့ကိုယ်က ထုတ်လွှတ်တဲ့ VOCs များကို ပြောင်းလဲနိုင်တာကြောင့် မတူညီသော အနံ့များကို ထုတ်ပေးနိုင်ပါတယ်။
ကင်ဆာနမူနာအနီးမှာ သကြားကို ထားရှိခြင်းဖြင့် ပုရွက်ဆိတ်များက အဆိုပါ ကင်ဆာရနံ့ကို ရှာဖွေသိရှိလာခဲ့တယ်လို့ သိရပါတယ်။
ပုရွက်ဆိတ်တွေရဲ့ လျင်မြန်မှုက အံ့သြဖွယ်ဖြစ်ပြီး ဆယ်မိနစ်အတွင်း ပုရွက်ဆိတ်တစ်ကောင်ကို ကင်ဆာရနံ့ကို ထုတ်ဖော်နိုင်ဖို့အတွက် လေ့ကျင့်ပေးနိုင်တယ်လို့ သုတသနက ဆိုထားပါတယ်။
သိပ္ပံပညာရှင်များဟာ ပုရွက်ဆိတ်တွေကို လေ့ကျင့်သင်ကြားပြီးနောက် ကင်ဆာကျိတ်များနဲ့ကြွက်နဲ့ မကျန်းမာသောကြွက်များမှ ဆီးနမူနာများဖြင့် ပုရွက်ဆိတ်တွေကို ပန်းကန်ထဲမှာ ထည့်ထားခဲ့ကြပါတယ်။
ဒီအခါမှာ ရလဒ်က ၎င်းတို့ဟာ ကင်ဆာနမူနာများနဲ့အတူ အချိန် ၂၀ ရာခိုင်နှုန်း ပိုမိုကုန်ဆုံးခဲ့ကြောင်း အဖြေထွက်ပေါ်ခဲ့ပါတယ်။
ပုရွက်ဆိတ်တွေဟာ ၎င်းတို့ရဲ့ အင်တာနာပေါ်ရှိ အနံ့ထွက်ပစ္စည်း receptors တွေကတစ်ဆင့် ဓာတုပစ္စည်းများကို အနံ့ခံနိုင်ကြပါတယ်။
ဒုတိယအနေနဲ့ ခွေးတွေကိုလည်း ရင်သား၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာများအပါအဝင် ကင်ဆာအမျိုးအစားများစွာကို အနံ့ခံနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးနိုင်ပြီး ငှက်ဖျားနဲ့ ပါကင်ဆန်ရောဂါ အပါအဝင် ကူးစက်နိုင်တဲ့ ရောဂါအချို့ကိုပါ ရှာဖွေဖော်ထုတ်နိုင်ကြပါတယ်။
အမေရိကန်မှာတော့ ခွေးတွေဟာ ကိုဗစ်ရောဂါအတွက် လူများကို ကွင်းဆင်းစစ်ဆေးခြင်းမှာ လုပ်ဆောင်စေခဲ့ပါတယ်။
ခွေးတွေဟာ သမင်များရဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့ နာတာရှည် အညစ်အကြေးရောဂါ အပါအဝင် အခြားသော တိရစ္ဆာန်များမှလည်း ကူးစက်ရောဂါကို အနံ့ခံနိုင်ကြပါတယ်။
ခွေးတွေဟာ ဒီသမင်နမူနာမှာဆိုရင် သမင်မစင်မှာ ရောဂါရှာဖွေနိုင်စေရန် လေ့ကျင့်ပေးနိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။
သုတေသီများက ခွေးတွေအနေနဲ့ အခုလို ရောဂါဖော်ထုတ်နိုင်တာဟာ ကူးစက်နိုင်သော အဆိပ်အတောက်ကို အနံ့ခံခြင်းဖြင့် ဖြစ်နိုင်တယ်လို့လည်း သုတေသနက ဆိုထားပါတယ်။
ဘက်တီးရီးယားပိုးမွှား နမူနာတွေနဲ့အတူ ခွေးတွေကို လေ့ကျင့်ပေးမယ်ဆိုရင် ခွေးတွေက ရောဂါပိုးရှိတဲ့ နမူနာတွေကို တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။
ဗြိတိသျှမှ ပရဟိတအဖွဲ့တစ်ခုဆိုရင်တိကျတဲ့ ဘက်တီးရီးယားများအပါအဝင် ရောဂါ ၂၈ ခုကို သိရှိနိုင်စေရန်အတွက် ခွေးတွေကို လေ့ကျင့်သင်ကြားပေးထားတယ်လို့ သိရပါတယ်။
ကင်ဆာကို ဖော်ထုတ်ရာမှာ ခွေးတွေရဲ့ ထောက်လှမ်းပုံကတော့ နမူနာရဲ့ ခုခံအား တုံ့ပြန်မှုမှ ဆင်းသက်လာသော အနံ့များ သို့မဟုတ် အခြားသော အနံ့များ အပါအဝင် ကင်ဆာဆဲလ်များကို ခန္ဓာကိုယ်က တုံ့ပြန်ပုံကို အတိအကျသိရှိခြင်းဖြင့် ဖော်ထုတ်နိုင်ကြပါတယ်။
ကင်ဆာရောဂါကို ထောက်လှမ်းရာမှ အထူးကျွမ်းကျင်တဲ့ နောက်ထပ် တိရစ္ဆာန်မှာ အာဖရိက ဧရာမအိတ်စွပ်ကြွက် ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်မှာ ဘယ်လ်ဂျီယံ အကျိုးအမြတ်မယူသော POPO အဖွဲ့အစည်းက အာဖရိက ကြွက်များကို မိုဇမ်ဘစ်သို့ ဖြန့်ကျက်ချထားခဲ့ပါတယ်။
ဒီကြွက်တွေဟာ ပြင်ပနိုင်ငံတကာ မိုင်းလှုပ်ရှားမှုစံနှုန်းများကို ရှာဖွေဖော်ထုတ်ဖို့အတွက် လေ့ကျင့်သင်ကြားပေးထားတဲ့ ကြွက်တွေဖြစ်ပြီး ထိုအချိန်မှစ၍ မြေမြှုပ်မိုင်းပေါင်း တစ်သိန်းခွဲကျော်ကို နိုင်ငံ ၇ နိုင်ငံမှ ဖယ်ရှားနိုင်ခဲ့ကြောင်း သိရပါတယ်။
APOPO ရုံးစိုက်ရာ တန်ဇန်းနီးယားမှာတော့ မြေမြှုပ်မိုင်းများ မရှိကြပေမဲ့ တီဘီရောဂါဖြစ်ပွားမှုနှုန်း အများဆုံး ထိပ်တန်း နိုင်ငံ ၃၀ ထဲက တစ်နိုင်ငံဖြစ်ပါတယ်။
ဒီလိုနဲ့ အဖွဲ့အစည်းရဲ့ သုတေသနပြုချက်အရ တီဘီရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားရဲ့သီးသန့် ဖြစ်သော အနံ့တစ်မျိုးကို ဒီအာဖရိက မျိုးစိတ်တွေက ဖော်ထုတ်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ပုရွက်ဆိတ်တွေလိုပဲ ကြွက်များဟာလည်း လေ့ကျင့်နေစဉ်အတွင်း လူ့ရဲ့သလိပ်ထဲက တီဘီရောဂါနမူနာကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် အစားအသောက်နဲ့ လေ့ကျင့်သင်ကြားပေးခဲ့ရပါတယ်။
လေ့ကျင့်သင်ကြားပြီးနောက် ၎င်းတို့ဟာ လူသားနည်းပညာရှင်များအတွက် ကျောထောက်နောက်ခံ လုံခြုံရေးပိုက်ကွန်တစ်ခုအဖြစ်လည်း လုပ်ဆောင်ပေးခဲ့ကြပါတယ်။
ကြွက်တစ်ကောင်စီဟာ မိနစ် ၂၀ ခန့်အတွင်း လူနာနမူနာ တစ်ရာကျော်ကို ပြသနိုင်ကြောင်း လေ့ကျင့်ပေးခဲ့တဲ့ သုတေသီတစ်ဦးက အခိုင်အမာဆိုထားခဲ့ပေမဲ့ တိကျမှုမှာတော့ ပုရွက်ဆိတ်နဲ့ ခွေးတွေကို မမှီနိုင်ခဲ့ဘူးလို့ သိရပါတယ်။
APOPO ရဲ့ အဆိုအရ အစီအစဉ် စတင်ချိန်မှစ၍ ကြွက်တွေဟာ ဒေသခံကျန်းမာရေးဆေးခန်းများမှာ လွဲချော်ခဲ့တဲ့ အမှုပေါင်း ၂၃,၀၀၀ ကျော်အထိရှိခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
နောက်ထပ်အနေနဲ့ ပျားများဟာလည်း ကင်ဆာကုသမှုမှာတော့ လုံလောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေမဲ့ နယ်သာလန်မှ သုတေသီတွေရဲ့ အဆိုအရတော့ ပျားများဟာ ကိုဗစ်ရောဂါပိုးကို အနံ့ခံနိုင်စွမ်းအားကောင်းကြောင်း ပြသခဲ့တယ်လို့ သိရပါတယ်။
ပုရွက်ဆိတ်တွေလိုပဲ ပျားတွေဟာ သူတို့ရဲ့ အင်တာနာတို့မှတစ်ဆင့် အနံ့ခံနိုင်ပြီး ဓာတုရနံ့များကို အလွန်အမင်း အာရုံခံစားနိုင်ကြပါတယ်။
နယ်သာလန်ရှိ ဓာတ်ခွဲခန်းတစ်ခုမှ သိပ္ပံပညာရှင်များဟာ ဒေသထွက်ပျားများကို အတောင်နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတို့အတွက် နေရာပါရှိသော ပလပ်စတစ်သေတ္တာများထဲမှာ ထည့်ထားကာ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
၎င်းတို့ကို နမူနာအမျိုးမျိုးမှ ရနံ့များကို အနံ့ခံစေခဲ့ပြီး ကိုဗစ်ရောဂါပိုးရှိကြောင်း တုံ့ပြန်ရန်အတွက် ၎င်းတို့ရဲ့ လျှာများကို ထုတ်လွှတ်ခဲ့ချိန်တိုင်း သကြားဓာတ်အားဆေးဖြင့် ဆုချီးမြှင့်ခဲ့ကြပါတယ်။
ဒီနည်းလမ်းနဲ့အတူ ပုရွက်ဆိတ်များကဲ့သို့ပင် ၎င်းတို့ကို မိနစ်ပိုင်းအတွင်း လေ့ကျင့်သင်ကြားပေးနိုင်ပြီး စက္ကန့်ပိုင်းအတွင်း စမ်းသပ်စစ်ဆေးနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဓာတ်ခွဲခန်းက သုတေသနအများစုမှာ အသုံးများလေ့ရှိတဲ့ သဲစေ့အရွယ်အစားခန့်သာရှိတဲ့ သန်ကောင်နဲ့တူသော nematode Caenorhabditis elegans တွေဟာလည်း ဒီစာရင်းထဲမှာ ထည့်သွင်းရပါလိမ့်မယ်။
ဒီမျိုးစိတ်တွေမှာ လူသားတွေရဲ့ ရောဂါမျိုးဗီဇများကို အထူးခြေရာခံနိုင်တဲ့ လှုပ်ရှားမှုတွေရှိတဲ့အတွက် ၎င်းတို့ကို သိပ္ပံနည်းကျလေ့လာမှုတွေအတွက် အဖိုးတန်သော စံပြသက်ရှိတစ်ခုအဖြစ် သုတေသီတို့က သတ်မှတ်ထားကြပါတယ်။
ဒီသန်ကောင်လေးတွေရဲ့ ဇီဝဖြစ်စဉ်များကို အဏုကြည့်မှန်ပြောင်းဖြင့် အလွယ်တကူမြင်နိုင်ပြီး ကင်ဆာကို ထောက်လှမ်းနိုင်တဲ့ အစွမ်းရှိကြောင်းကိုလည်း ပြသထားနိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှ လေ့လာမှုတစ်ခုအရ ၎င်းဟာ ပန်ကရိယကင်ဆာဆဲလ်များကို ရှာဖွေတွေ့ရှိနိုင်ပြီး အီတလီလေ့လာမှုတစ်ခုကတော့ ဒီသန်ကောင်တွေဟာ ရင်သားကင်ဆာဆဲလ်များကို မှတ်မိနိုင်ကြောင်း ပြသခဲ့ပါတယ်။
သုတေသနနှစ်ခုစလုံးမှာ သန်ကောင်များဟာ ကင်ဆာဆဲလ်နမူနာများဆီသို့သာ ရွေ့လျားသွားကြပြီး ကျန်းမာတဲ့ ဆဲလ်များကိုတော့ ရှောင်ရှားခဲ့ကြပါတယ်။
ဒါ့အပြင် ယနေ့အချိန်မှာဆိုရင်လည်း ဂျပန်ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုဟာ အများသူငှာ ဆီးနမူနာကို လက်ခံပေးပြီး ဒီသန်ကောင်များဖြင့် ကင်ဆာ ရောဂါရှာဖွေစမ်းသပ်မှုတွေကို ကမ်းလှမ်းလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
Knight News Team
Knight News © 2023
Crd